
သန့်တည်ပွားအဖွဲမှ အောင်ဇမ္ဗူရွှေဆိုင်မှ ဝန်ထမ်းများနှင့် မိတ်ဆွေများအား ၇ရက် အဓိဌာန် နေ့တရားစခန်းကျင်းပပေးနေပုံ
မှတ်တမ်း
သန့်တည်ပွားအဖွဲမှ အောင်ဇမ္ဗူရွှေဆိုင်မှ ဝန်ထမ်းများနှင့် မိတ်ဆွေများအား ၇ရက် အဓိဌာန် နေ့တရားစခန်းကျင်းပပေးနေပုံ
သန့်တည်ပွား အဖွဲ့မှ ယောဂီ ဒေါ်ဝိမုတ္တိနှင့် ဒေါ်မေဃိယ တို့၏ ၂၀၁၅ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ပြည်ပ သာသနာပြုခရီးစဉ် မှတ်တမ်းဓါတ်ပုံများကို မျှဝေထားပါသည်။ နိုဝင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ သာသနာတော်အတွက် ဆောင်ရွက်ခဲ့ သော သာသနာပြု ကုသိုလ်အဝဝ ကို စင်္ကာပူယောဂီများနှင့် တကွ ၃၁ဘုံသားအားလုံးတို့အား အမျှပေးဝေပါ၏။ အမျှအမျှအမျှ ယူတော်မူကြပါကုန်လော… သာဓု သာဓု သာဓု…
သန့်တည်ပွားအဖွဲ့၏ မြင့်မြတ်အလင်းရိပ်သာတွင် ၂၀၁၅ ဒီဇင်ဘာ တွင် ကျင်းပခဲ့သော လူငယ် အဓိဌာန်တရားစခန်းနှင့် မြတ်ဗုဒ္ဓအလိုတော်ကျ ရှင်ပြုပွဲအခမ်းအနားမှ မှတ်တမ်းပုံရိပ်များကို မျှဝေလိုက်ပါသည်။
သန့်တည်ပွား အဖွဲ့၏ ၂၀၁၅ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ပြည်ပ သာသနာပြုခရီးစဉ် မှတ်တမ်းဓါတ်ပုံများကို မျှဝေထားပါသည်။ စင်္ကာပူ ယောဂီများအား Bukit Gombat ရှိ ကိုဟန်မျိုးနောင်+မဆုမြတ်ဝေ နေအိမ် နှင့် Pioneer ရှိ ဦးမောင်မောင်+ဒေါ်လဲ့လဲ့ဝင်း နေအိမ် တို့တွင် ၀ိပဿနာ အခြေခံသဘောတရားများကိုဆွေးနွေးခြင်း၊ ယောဂီများအား လက်တွေ့ရှုမှတ်စေခြင်း တရားထိန်းပေးခြင်း နှင့် ပိဋကတ်တော်လာ သုတ္တန်များကို မှန်တိုရှင် နည်းဖြင့် ဆွေးနွေးတင်ပြခြင်း တို့ဖြင့် သာသနာပြုခဲ့ပါသည်။
မှော်ဘီမြို့ သာသနာ့ ဝန်ဆောင်ကျောင်းတိုက် ဆရာတော် အရှင် စန္ဒသိရီ ၏ ဩဝါဒကို ခံယူပြီး ရွေတိဂုံဘုရား မြောက်ဘက်မုဒ် တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော် ၌ ၃၀.၀၄.၂၀၀၇ မှ ၁၃.၀၅.၂၀၀၇ ထိ ဆရာဦးမြင့်လွင် (သန့် တည် ပွား) နှင့် ယောဂီများ စုပေါင်းလှူဒါန်းပွဲ။ ရှင် ကျင့်ဝတ် ၁၀၉ ပါး ကို သရုပ်ပြ ဗီဒီယိုဖြင့် လူအများနားလည်နိုင်ရန် ဖော်ဆောင်ပေးထားပါသည်။