အဖွဲ့အကြောင်း

ဤ website သည် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တ့ံ ပြန့်ပွားရေး အဖွဲ့ (သန့် တည် ပွား) ရဲ့
သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လုပ်ငန်းစဉ်များ၊ ခန္ဓာကိုယ်တွေ့တရားများ တင်ပြထားသည့် အဖွဲ့၏
တရား၀င် သတင်းအချက်များ ဖြန့်ချီရာ နေရာဖြစ်ပါသည်။ ထေရဝါဒ ဗုဒ္ဓသာသနာ၀င်ထုများ မိမိတို့သာသာနာ
နှင့်ပတ်သက်၍ မှန် တို ရှင်း သိရှိလေ့လာနိုင်စေရန်၊ စိတ်၀င်စားသူများလည်း အဖွဲ့နှင့်အတူ ပူးပေါင်း
ပါ၀င်၍ သာသနာ့အကျိုးကို ရခဲလှတဲ့ လူ့ဘ၀ တခဏမှာ အများသူငှာအတွက် သယ်ပိုးထမ်းရွက်ကြစေရန် အတွက်လဲ
ရည်ရွယ်ပါသည်။ မိမိတို့၏ သာသနာတော် သန့်ရှင်း တည်တ့ံ ပြန်ပွားရေးအတွက် သာသနာ၀င်တိုင်း တာ၀န်ရှိ
တာ၀န်သိကာ မိမိတို့တတ်အားသမျှ သယ်ပိုးထမ်းရွက်ကြပါစို့။

ဗုဒ္ဓသာသနာ၀င်တိုင်း ထေရဝါဒ သာသနာတော်၏ “အခြေခံ အနှစ်သာရ” များကို မှန်ကန်စွာ နားလည် သဘောပေါက်လာနိုင်ရေး။

ဗုဒ္ဓအဆုံးမ ပန်းတိုင်ဖြစ်သော မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ရေး အတွက် ဗုဒ္ဓသာသနာ၀င်တိုင်း “၀ိပဿနာ
ဘာ၀နာ” ကျင့်ကြံ အားထုတ် လာနိုင်ရေး။

ထေရဝါဒ ဗုဒ္ဓသာသနာတော် အစဉ်ထာ၀ရ သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး အတွက် “ဗုဒ္ဓသာသနာ၀င်တိုင်း ပူးပေါင်း” ပါ၀င်
လာနိုင်ရေး။