လောကဓံ ၈ ပါး

လောကဓံ ၈ ပါး

ဤ လောကဓံ ၈ ပါး တို့တွင် ကောင်းသော လောကဓံတရားတို့နှင့် တွေ့ကြုံသောအခါ ကိုယ်စိတ် နှစ်ဖြာ ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေကြသော်လည်း၊ မကောင်းသော လောကဓံတရားတို့နှင့် တွေ့ကြုံသောအခါ စိတ်ဓါတ်ကျဆင်းကာ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကြခြင်းသည် လောကဓံ၏ ရိုက်ခတ်မှု့ကြောင့် ဖြစ်သော တုန်လှုပ်ဖြစ်သည်။

ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိပါက လောကဓံတရားရှစ်ပါး နှင့် ကြုံတွေ့ရတိုင်း ဆိုးဆိုးကောင်းကောင်း စိတ်မပြောင်းဘဲ သတိကပ်ကာ အထူးဆင်ခြင်နေထိုင်ကြရမည်။ သို့မှသာ ၃၈ဖြာ မင်္ဂလာထဲမှ အဆင့်အမြင့်ဆုံး မင်္ဂလာတို့ဖြစ်သော (ဖုဋ္ဌဿ လောကဓ​​မ္မေဟိ၊ စိတ္တံယဿန ကမ္ပတိ။ လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံရသည့်အခါ စိတ်ကိုမတုန်မလှုပ် နေနိုင်ခြင်း) တည်းဟူသော မြတ်သောမင်္ဂလာနှင့် ပြည့်စုံစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။

 လောကဓံ ၈ ပါး

Leave a Reply