ရန်ကုန်တိုင်း မှာ်ဘီမြို့နယ်ရှိ သာသနာ့ဝန်ဆောင်ပရိတ္တိစာသင်တိုက်သို့ သွားရောက်ကာ နာယကဆရာတော် ဥူးစန္ဒာသိရီ ထံမှ သြဝါဒ ခံယူ

သန့်တည်ပွား သာသနာပြုအဖွဲ့သည် ရန်ကုန်တိုင်း မှာ်ဘီမြို့နယ်ရှိ သာသနာ့ဝန်ဆောင်ပရိတ္တိစာသင်တိုက်သို့ သွားရောက်ကာ နာယကဆရာတော် ဥူးစန္ဒာသိရီ ထံမှ သြဝါဒ ခံယူကာ လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာတော်အတွက် ရည်စူးပြုခဲ့သော ကုသိုလ် အဝဝတွေကို ၃၁ဘုံသား အားလုံးတို့အား ထပ်တူထပ်မျှရကြစေရန် ကိုယ်ရောစိတ်ပါ ဝမ်းမြောက်စွာဖြင့် အမျှပေးဝေလိုက်ပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော။ သာဓု သာဓု သာဓု။ ၂၇ စက်တင်ဘာလ ၂၀၁၆ 27 /9/16 8:30 am Photo credit: U Ngwe Soe

Continue reading


၂၀၁၆ မြိတ်ဓမ္မဒူတ မှတ်တမ်းပုံရိပ်များ

ထေရဝါဒဗုဒ္ဓသာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအဖွဲ့မှဦးဆောင်၍ မြိတ်မြို့ရှေးသိမ်ကျောင်း၌ ကျင်းပသော မြတ်ဗုဒ္ဓအလိုတော်ကျရှင်ပြုမင်္ဂလာပွဲနှင့် အဌမအကြိမ်မြောက်အဓိဋ္ဌာန်တရားစခန်းပွဲ မှတ်တမ်း။

Continue reading


စစ်ကိုင်းတိုင်း ရွှေမင်းဝံတောင်ခြေရှိ သန့်တည်ပွား အဖွဲ့၏ သာသနာပြုမှတ်တမ်းပုံရိပ်များ။

စစ်ကိုင်းတိုင်း ရွှေမင်းဝံတောင်ခြေရှိ သန့်တည်ပွား အဖွဲ့၏ ပရမတ္ထဓမ္မာရုံတွင် ပညာရေးတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများအား၎င်း၊ ရွာထောင်ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား၎င်း ဗုဒ္ဓဘာသာအခြေခံသဘောတရားများ၊ ပိဋကတ်တော်လာ သုတ္တန်များ နှင့် ဝိပဿနာတရားများ ဟောကြားပို့ချကာ သာသနာပြုလျက်ရှိသော ဆရာမဒေါ်အနတ္တ ၏ သာသနာပြုမှတ်တမ်းပုံရိပ်များ။

Continue reading


၂၀၁၆ နတ်မောက် ဓမ္မဒူတ ခရီးစဉ်

ယောဂီ မိဘဆွေမျိုးများ အားလုံး မင်္ဂလာပါ။ ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအဖွဲ့ (သန့်တည်ပွား) သည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆင်သေကန်ရွာမှ ယောဂီများ၏ ဖိတ်ကြားမှုဖြင့် မတ် ၂၂ မှ စတင်၍ ဆင်သေကန်ရွာရှိ ရွာဦးမီးလမ်း ကျောင်းတိုက်တွင် လူငယ်များအတွက် ယဉ်ကျေးလိမ္မာ သင်တန်း၊ ဒေသခံများအတွက် အဓိဌာန်တရားစခန်းနှင့် တရားဆွေးနွေးပွဲများကို ကျင်းပကာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။

Continue reading


ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ (၂၀၁၆)

သန့်တည်ပွား မိသားစုများမှ စုပေါင်းကျင်းပသော မြတ်ဗုဒ္ဓအလိုတော်ကျ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား မှတ်တမ်းဓါတ်ပုံများကို မျှဝေလိုက်ပါသည်။

Continue reading