လမ်းစဉ်/အတွေးအမြင်

ဗုဒ္ဓသာသနာ တော်သည် သန့်ရှင်းပါမှ တည်တံ့ပြီး၊ တည်တံ့ ပြီးမှသာလျှင်ပြန့်ပွှားနိုင်မယ်ဆိုတဲ့ အဓိပ္ပယ် ဖြစ်ပါတယ်။
တစ်နည်း အားဖြင့်-

“သန့်” ဆိုသည်မှာ “သီလ ဖြစ်ပြီး၊ “ဝိနည်း”ကိုဆိုလို ခြင်းဖြစ်ပါ တယ်။
“တည်”ဆို သည်မှာ “သမာဓိ” တည်ကြည်ခြင်းဖြစ် ပြီး၊“သုတ္တန်”ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
“ပွား”ဆိုသည်မှာ“ပညာ”ပွားများ ခြင်းဖြစ်ပြီး၊ “အဘိဓမ္မာ”ကိုဆိုလို ခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့ လို့ “သီလ ၊ သမာဓိ ၊ ပညာ”သိက္ခာသုံးပါး ပြန့်ပွား နိုင်ရေးကိုဦးတည်ခြင်း ဖြစ်ပါတယ်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ( သန့်တည် ပွား ) အဖွဲ့ ဖွဲ့ရခြင်း၏ ရည်ရွယ်ချက် ( ၃ ) ချက်ရှိပါတယ်။

ဗုဒ္ဓသာသနာ၀င်တိုင်း ထေရဝါဒသာသနာတော်၏ ” အခြေခံအနှစ်သာရ ” များကို မှန်ကန်စွာနားလည် သဘောပေါက်လာနိုင်ရေး။
ဗုဒ္ဓအဆုံးအမပန်းတိုင်ဖြစ်သော မြတ်နိဗ္မာန်သို့ မျက်မှောက်ပြုနိုင်ရေးအတွက် သာသနာ၀င်တိုင်း ” ဝိပဿ နာဘာ၀နာ ” ကျင့်ကြံအားထုတ်လာနိုင်ရေး။
ထေရဝါဒ ဗုဒ္ဓသာသနာတော် အစဉ်ထာ၀ရ သန့်ရှင်း – တည်တံ့ – ပြန့်ပွား ရေးအတွက် ” သာသနာ၀င်တိုင်းပူးပေါင်း ” ပါ၀င်နိုင်ရေး။

တို့အတွက် အထူးရည်ရွယ်ပါသည်။ အတိုအားဖြင့် ” နှစ် ၊ ဝိ ၊ ပေါင်း ” ဟု မှတ်သားနိုင်ပါသည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ( သန့် တည် ပွား ) အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတဝှမ်းလုံး မြို့ရွာကျေးလက်မကျန်

ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ အနှစ်သာရများကို ပြန့်ပွားနိုင်ရေးအတွက်

  • တရားပွဲများ ကျင်းပပေးခြင်း။
  • အဓိဌာန်တရားစခန်းများ ကြီးကြပ်ဖွင့်လှစ်ပေးခြင်း။
  • တရားဟော ၊ တရားပြဆရာများ ပေါ်ပေါက်လာရေးကို ရည်ရွယ်ပြီး အခြေခံထေရဝါဒ ဗုဒ္ဓသာသနာပြုသင်တန်းများ (မြင့်မြတ်ပုဂ္ဂိုလ်) ဖွင့်လှစ်သင်ကြားပေးခြင်း။
  • လူငယ်များအတွက် အဓိဌာန်တရားစခန်းများ ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးခြင်း။
  • ထေရဝါဒ ဗုဒ္ဓသာသနာရေးနှင့်ပတ်သတ်သော စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း။
  • ဗုဒ္ဓစာပေများကို ထပ်ဆင့်ရိုက်နှိပ်ဖြန့်​ဝေပေးခြင်း။
  • ဗုဒ္ဓတရားတော်များကို VCD / DVD တို့ ဖြင့် ကူးယူဖြန့်ဝေပေးခြင်း
  • မြို့နယ်အသီးသီးတွင် (သန့် တည် ပွား) အဖွဲ့များ ပေါ်ပေါက်လာစေရန် စည်းရုံးပေးခြင်း။
  • မြတ်ဗုဒ္ဓအလိုတော်ကျ ” အသုဘရှုအခမ်းအနား ” ကျင်းပပေးခြင်း။
  • မြတ်ဗုဒ္ဓအလိုတော်ကျ ” ရှင်ပြုမင်္ဂလာအခမ်းအနား ” အတွက် ကြိုတင်ပြီး ဆရာတော်များကိုယ်စား ကျင့်ဝိနည်းများ သင်ကြားပေးခြင်း။

အစရှိသည့်ထေရဝါဒဗုဒ္ဓသာသနာတော်၏ လိုအပ်ချက်အလုံးစုံတို့ကို သာသနာတော်ကြီး တိုးတက် စည်ပင် ပြန့်ပွားနိုင်ရေးအတွက် လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်လုပ်ကိုင်ပေးရန်တို့ ဖြစ်ပါသည်။