(၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း (၄)

(၂၈.၁၂.၂၀၁၈) ရက်နေ့တွင် ရဟန်းသံဃာတို့ကို ဆည်းကပ် ကိုးကွယ်ရာတွင် ဆည်းကပ်သူတို့၏ မသိမှု၊ နားမလည်မှုတို့ကြောင့် ရဟန်းတို့ အပြစ်မဖြစ်စေရန်အတွက် ရဟန်းတို့၏ ဝိနည်းတော်များကို လူငယ်များ နားလည်မှတ်သားရ လွယ်စေရန် ဆရာ၊ ဆရာမ များမှ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ၃၈ ဖြာသော မင်္ဂလာတရားတော်ကို နားလည်သဘောပေါက်စေရန်၊ လက်တွေ့ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ YAB အဖွဲ့ဝင် လူငယ်များမှ ဥပမာ၊ ဥပမေယျ များဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ထို့နောက် ထက်ထက်မြက်မြက် သာသနာ ပြုကြရအောင်ဟူသော ခေါင်းစဉ်ဖြင့် YAB လူငယ်များမှ ထပ်မံ ကျေးဇူးဆပ် ဆွေးနွေးပေးခဲ့ပါသည်။ ဆရာ၊ ဆရာမ များမှလည်း လူငယ်တို့ သိအပ်သော ဗုဒ္ဓတရားတော်များကို ဆွေးနွေး ကျေးဇူးဆပ်ခဲ့ကြပါသည်။

စတုတ္ထနေ့ မှတ်တမ်းပုံရိပ်များ . . .

Ref:
https://www.facebook.com/3p.yab

Leave a Reply