ဧည့်သည်
လာတုံးကလည်း တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း..
ပြန်သွားတော့လည်း တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း..
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ
၀န်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနဲ့
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
တို့များ ဧည့်သည်ပါတကား။