နောက်ဆုံး သွေးတစ်စက်
သန့် ရှင်း သာသနာ တည်ပြီးပွားဖို့
စီမံကိန်း ရေးဆွဲ ကြိုတင် ပြောတာ
ပွင့်လင်း လွန်းတော့ ကြွားသလို ဖြစ်သပေါ့
ရည်ရွယ်ချက် အနှစ် ကြာရှည်လေ့လာမှ
နားလည် သဘောပေါက် တဖြည်းဖြည်းဆင်ခြင်
အကြွင်းမဲ့ မြတ်နိုးကျင့်သုံး ပူးပေါင်းလာစေချင်
အချိန်ယူတဲ့ကြားကာလ ပြစ်မှားနိုင်တာ တဒင်္ဂ
အချိန်ရောက်တဲ့ ပြီးကာလ အကျိုးများကြမှာ ထာဝရ
လှေကြီးထိုးရိုးရိုး (အလွယ်လမ်း) မရွေးတာ
အ လွန်းလို့တော့ မဟုတ်ရပါ
အရိုးစွဲ ညစ်နွမ်းမှု အစွမ်းကုန်ပြင်ချင်တော့
မိုက်တယ်လို့တော့ ထင်မှာပေါ့
ရွေးသင့်လမ်းကြောင်း ရှည်ခက်ကြမ်း
ကျေနပ်အပြုံးနှင့် တိုးပြီးလှမ်း
နောက်ဆုံးသွေးတစ်စက် (ထွက်သက်)ကုန်သည်ထိမှန်း
ဓါးတောင်ကိုကျော် မီးပင်လယ်ဖြတ်မည် (SNPP)
ရှည်လျှား ကြမ်းတမ်း ဆူးခင်းထားတဲ့ ခယောင်းလမ်း
