ဆရာဦးပရမတ္ထမှ မြန်မာနှစ်သစ်ကူး ဓမ္မလက်ဆောင်

ယောဂီများအားလုံး မင်္ဂလာပါ။

ဆရာဦးပရမတ္ထမှ အနီးတွင်စောင့်ရှောက်ပေးနေသော ဝေယျာ၀စ္စကလေးများအား  ဟောကြားခဲ့သော ‌တရားအား မြန်မာနှစ်သစ်ကူးဓမ္မလက်ဆောင်အနေနှင့် ပြန်လည်မျှဝေပေးလိုက်ပါသည်။

* လောဘ နှင့် ‌ဒေါသ *
——————————
လောဘ နှင့် ဒေါသ (၂)ခုစလုံးတို့တွင် ဘယ်အရာမှ မကောင်းပါ။ တစ်ခုကို အရင်ပယ်ပါဆိုလျှင်တော့ ဒေါသကို ဦးစွာပယ်ရပါမည်။ ပိုမိုလွယ်ကူ၍ဖြစ်ပါသည်။

(၃၁) ဘုံတွင် ဒုဂ္ဂတိ ဘုံ ( ၄ )ဘုံသို့ရောက်ခြင်းသည် ဒေါသ အစွန်းရောက်ခြင်းကြောင့်ဖြစ်ပါသည်။ နတ်၊ ဗြဟ္မာ စသော သုဂတိ ဘုံများသို့ရောက်ခြင်းသည်လည်း လောဘအစွန်းကြောင့်ဖြစ်ပါသည်။

အစွန်း (၂) ပါးစလုံးသည်မကောင်းပါ။ လူ့ဘုံသည်သာလျှင်အမြတ်ဆုံးအကောင်းဆုံးဖြစ်ပါသည်။ လူဘုံမှ အပါယ်သို့မည်သူမျှမကျရောက်ချင်ပါ။

ထို့ကြောင့် အပါယ်သို့ကျရောက်စေသော ဒေါသကို ဦးစွာပယ်ရပါမည်။ ကိလေသာများတွင် ပယ်ရန်အလွယ်ဆုံးက ဒေါသဖြစ်ပါသည်။ လွယ်တာကို အရင်ပယ်ပြီးမှ ခက်ခဲတာတွေကို ဆက်လက်ပယ်နိုင်ပါလိမ့်မည်။ ဒေါသကိုလည်း (ထိန်း) ခြင်း ၊ (အုပ်) ခြင်း မှ (ပါး) ခြင်း ၊(ပယ်) ခြင်း ပြုလုပ်ရပါမည်။

လောဘသည် လောကီတွင်လည်း အနည်းဆုံးတော့ ခံစားလို့ရသေးတယ်။(လူနတ်ဗြဟ္မာသုဂတိရသေး၏)။

“ဒေါသမှာကား အနှိုင်းမဲ့ နှိပ်စက် ဖျက်ဆီး လှပေ၏”

ဒေါသထွက်နေသမျှ တရားမရနိုင်ပါ။

“Anger is the most destructive agent”

ဆရာသည်လည်းဒေါသထွက်သူများနှင့်မဆက်ဆံလိုပါ။ “တဖြည်းဖြည်းနောက်ဆုတ်ပြီးမှ (ရှောင်) လိုက်ကြောင်း အမြဲပြောပါ၏”
ယောဂီများလည်း နှစ်သစ်တွင် အလွယ်ဆုံး အသိသာအထင်ရှားဆုံးဖြစ်တဲ့ဒေါသကို ထိန်းနိုင်ကြပါစေ။

ယခုကာလအတွင်း ဆရာဘုရား၀တ်ပြုရာတွင် ပါ၀င်သည့်

  1. ရခဲလှတဲ့ လူ့ဘ၀ သံသရာလွတ်အောင်ကျင့်
  2. (၃၁) ဘုံ အကျဉ်း

စာစဉ်များအား ကိုးကား၍သီးသန့် ဆုံးမထားသောတရားဖြစ်‌ပေသည်။

အဆိုပါ တရားအသံဖိုင်များနှင့်စာစဉ်များအား လိုချင်သော ယောဂီများ ငြိမ်းသီတာမိသားစုတွင် အလှူခံနိုင်ပါသည်။

————————————
အွန်လိုင်းမှ နားထောင်ရန်။
————————————

  • ဆရာဦးပရမတ္ထမှ မြန်မာနှစ်သစ်ကူးဓမ္မလက်ဆောင်

 

Leave a Reply