သန့်တည်ပွား သင်္ကြန်တွင်း အဓိဋ္ဌာန် တရား စခန်း

12039112_1345970218752238_6918638501516543417_o
ယောဂီ မိဘ ဆွေမျိုးများ အားလုံး မင်္ဂလာပါ …
ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး အဖွဲ့ (သန့် တည် ပွား) မှ အတာ တန်ခူး နှစ်ကူး အခါသမယ တွင် ဗုဒ္ဓသာသနာ၏ အခြေခံ အနှစ်သာရ များကို သေချာစွာ သိရှိ နားလည် သဘောပေါက်စေရန် နှင့် ဝိပဿနာတရားကို လက်တွေ့ရှု့မှတ်ပွားများတတ်စေရန် ရည်သန်၍ သင်္ကြန်တွင်း အဓိဋ္ဌာန် တရားစခန်းကို လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၇ ရက် အထိ ၉ ရက်တိုင်တိုင် ဖွင့်လှစ် ပို့ချမည် ဖြစ်ပါသည်။ ယောဂီများအနေဖြင့် ပရိယတ္တိ အသိတရားများကိုမှန်တိုရှင်း လေ့လာ မှတ်သားနိုင်ရန်၊ မိမိတို့၏ ပဋိပတ် အကျင့်တရား ပိုမို တိုးတက်လာစေရန်၊ မိမိလေ့လာမှတ်သားထားသော တရားဓမ္မ အဆုံးအမများကို စာသိမှ ကျင့်သိသို့ မိမိကိုယ်တိုင် ခန္ဓာကိုယ်တွေ့ သိမြင်နိုင်ရန် လာရောက် အားထုတ်နိုင်ပါကြောင်း မြတ်နိဗ္ဗာန် အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ရိပ်သာ တည်နေရာ
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်
ငါးဆူတောင် (၅) ရပ်ကွက်
နေ့ရက်
၂၀၁၆ ဧပြီလ ၉ ရက်နေ့ မှ ၁၇ ရက်
ဆက်သွယ်ရန်
၀၉-၇၃၂၄၁၈၄၁
၀၉-၄၃၂၀၂၁၈၉
ကြိုပို့ စုရပ်
ရန်ကုန် မှ ရိပ်သာသို့ ကား ကြို ပို့ ရှိပါသည်။ အောင်မြေသာစည်အိမ်ယာ တိုက် ၂၊ ကမာရွတ် (ဆင်ရေတွင်းမှတ်တိုင်အနီး) နှင့် အမှတ် ၂၈၊ မာလာမြိုင် ၂ လမ်း လှိုင်မြို့နယ် (အုတ်ကျင်းမှတ်တိုင်အနီး) စုရပ်များမှ ၉ရက်နေ့ ညနေ ၄နာရီတွင် ရိပ်သာသို့ စတင်ထွက်ခွာပါမည်။

Leave a Reply