ဆရာ ဦးမြင့်လွင် (ခ) ဦးပရမတ္ထ ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်အတွက် စာမူဖိတ်ခေါ်ခြင်း

ဆရာ ဦးမြင့်လွင် (ခ) ဦးပရမတ္ထ ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်အတွက် စာမူဖိတ်ခေါ်ခြင်း
=====================================================================

ဆရာဦးမြင့်လွင်နှင့်တွေ့ဆုံခဲ့ကြသော၊ ပူးပေါင်းသာသနာပြုခဲ့ကြသော ဓမ္မမိတ်ဆွေ /ယောဂီ/ သူတော်စင်များအားလုံး မင်္ဂလာပါ ။

11.4.2022 သည် ဆရာ ဦးမြင့်လွင် (ခ) ဦးပရမတ္ထ ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်အမှတ်တရ စာအုပ်ကို နှစ်ပတ်လည်တွင် ထုတ်ဝေလိုပါသဖြင့် ဆရာဦးမြင့်လွင်နှင့်တွေ့ဆုံခဲ့ကြသော ဓမ္မမိတ်ဆွေများ ၊ ( သန့် – တည် – ပွါး) သာသနာပြုအဖွဲ့တွင် ပူးပေါင်းသာသနာပြုခဲ့ကြသည့် ဓမ္မညီအစ်ကိုမောင်နှမများမှ သာသနာပြုအတွေ့အကြုံနှင့်ရင်တွင်းဖြစ်များကို ရေးသားပြီး စာမူများကို ပေးပို့ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

ပါဝင်သင့်သည့်အချက်များ
====================
1။ မိမိတို့၏နောက်ခံဘဝအကျဥ်းမိတ်ဆက်၍ ဆရာနှင့် စတင်တွေ့ဆုံခဲ့ပုံ၊

2။ ဆရာ၏ဆိုဆုံးမမှုများနှင့်မိမိတို့အတွက်အကျိုးသက်ရောက်မှုများ မိမိနှစ်ခြိုက်မိသောတရားခေါင်းစဥ်များ၊

3။ သာသနာပြုလုပ်ငန်းများတွင် စာဖတ်သူများ အားကျအတုယူနိုင်ရန် ဆရာ၏ ကြိုးပမ်းမှုနှင့် မိမိတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုများ ၊

4။ ဆရာ၏သာသနာချစ်စိတ်နှင့် ဓမ္မအပေါ်ထားသည့်ခံယူချက်များ၊

5။ ဆရာ၏ထူးခြားသောအချက်များ နှင့် မိမိတို့၏ထင်မြင်ချက်များ၊

6။ ဆရာလက်ဆင့်ကမ်းခဲ့သော သာသနာ့မျိုးစေ့ (အမွေ) များကိုသယ်ဆောင်သွားမည့် မိမိတို့၏ခံယူချက်ကို ပြောကြားရင်း နိဂုံးချုပ်ပေးပါရန် ၊

* အထက်ပါအချက်များကိုကျောရိုးယူ၍လွတ်လပ်စွာရေးသားနိုင်ပါသည်။

မှတ်ချက်***

A4စာရွက်အနည်းဆုံး (2) မျက်နှာမှအများဆုံ (6) မျက်နှာအထိကွန်ပျူတာစာစီ၍ဖြစ်စေ၊ လက်ရေးမူဖြင့်အနည်းဆုံး ( 2 ) မျက်နှာမှ (10) မျက်နှာခန့် အထိ ရေးသား၍ဖြစ်စေ၊
(11.2.2022)နောက်ဆုံးထားပြီး
==========
ရေးသား ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ပေးပို့ရန်
===========
(1)Moe Hnin Phyu phone 095164930
Viber +9595164930
Email : [email protected]
Address : 5B,11D, Pannita Condominium,
Pannita Street, Hlaing Township, Yangon.

(2) Dr အောင်သူငြိမ်း ( Phone & Viber 09 505 8964 ) E mail : [email protected]
Address:No. 28 , Malarmyaing 2nd Street , 16 Ward , Okkyin , Hlaing Township , Yangon.

* အကြောင်းတစ်စုံတစ်ရာလိုအပ်ပါက Ph-09765580315 လစဥ် အလှည့်ကျ တာဝန်ခံဆရာမထံ မေးမြန်းအကြောင်းကြား နိုင်ပါသည်။
*ဓမ္မမိတ်ဆွေ/ယောဂီ/သူတော်စင်များအားလုံး မင်္ဂလာပါ။

Leave a Reply