သန့် တည် ပွား အဖွဲ့၏ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်း
ယောဂီ မိဘ ဆွေမျိုးများ အားလုံး မင်္ဂလာပါ …
ထေရဝါဒဗုဒ္ဓသာသနာတော်၏ အနှစ်သာရကို အခြေခံမှစ၍ လေ့လာလိုသူများ၊ ဝိပဿနာတရားကို မှန်တိုရှင်း စာတွေ့သင်ယူပြီး လက်တွေ့ရှု့မှတ်ပွားများလိုသူများအတွက် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တ့ံ ပြန့်ပွားရေး အဖွဲ့ (သန့် တည် ပွား) မှ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်းကို မြင့်မြတ်အလင်းရိပ်သာတွင် ဖွင့်လှစ်ပါမည်။ ယောဂီများအနေဖြင့် ပရိယတ္တိ အသိတရားများကို မှန်တိုရှင်း လေ့လာ မှတ်သားနိုင်ရန်၊ မိမိတို့၏ ပဋိပတ်အကျင့်တရားပိုမို တိုးတက်လာစေရန်၊ မိမိလေ့လာ မှတ်သားထားသော ဘုရားရှင်၏ တရားဓမ္မအဆုံးအမများကို စာသိမှကျင့်သိသို့ ခန္ဓာကိုယ်တွေ့သိမြင်နိုင်ရန် လာရောက်ကျင့်ကြံ အားထုတ်နိုင်ပါကြောင်း မြတ်နိဗ္ဗာန် အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ရိပ်သာ တည်နေရာ
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်
ငါးဆူတောင် (၅) ရပ်ကွက်
နေ့ရက်
အောက်တိုဘာ ၁၅ ရက် မှ ၂၃ ရက်
ဆက်သွယ်ရန်
၀၉-၇၃၂၄၁၈၄၁
၀၉-၇၈၅၁၄၁၅၂၁
၀၉-၄၃၂၀၂၁၈၉
*(စုရပ်မှ ရိပ်သာသို့ ကားအကြို အပို့ ရှိပါသည်။)*