တက္ကသိုလ်​​ပေါင်းစုံ လူငယ်​အဓိဋ္ဌာန်​ တရားစခန်း
[Unicode]
😊 Would you like to spend your holidays Effectively and Efficiently ? ✌🏻💎
သင်​ဟာ တက္ကသိုလ်​တက်ရောက် သင်​ကြား​နေတဲ့ လူငယ်​တစ်​ဦးဖြစ်​ပါသလား 👤?
​ကျောင်းစာ​မေးပွဲအပြီး ဧပြီလမှာ
ဘာလုပ်​ရမလဲ စဉ်းစား​နေပါသလား.💭💭
ဒါဆိုရင်တော့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ​တက္ကသိုလ်​​ကျောင်​းသား/ ​ကျောင်းသူ တိုင်​းအတွက်​ လက်​မလွှတ်​သင့်တဲ့
အခွင့်အ​ရေးတစ်​ခု ​နောက်​တစ်​ကြိမ်​ပြန်​လာပါပြီနော် 💎
🙏🏻အားလုံး မင်္ဂလာပါ🙏🏻
အခုလာမည့်ဧပြီလမှာ တက္ကသိုလ်​​ပေါင်​းစုံ လူငယ်​အဓိဋ္ဌာန်​ တရားစခန်​း ရှိပါတယ်​။ သင်္ကြန်မှာလည်း အပြင်ထွက်ချင်တယ် သူငယ်ချင်းတွေနဲ့ အတူတူ တရားစခန်းလည်း ဝင်ချင်တယ် ဆိုတဲ့ လူငယ်များအတွက် အခွင့်အရေး တစ်ရပ်ဖြစ်ပါတယ် . . . ဗျာ။
🔜 ဒါ့အပြင် လက်မလွှတ်သင့်တဲ့ အခွင့်ထူးတစ်ရပ် လို့ပြောရတာက
ယခု တရားစခန်းမှာတော့
👉🏻 👥👥👥 မိရိုးဖလာအမြင်တွေနဲ့မတူဘဲ စစ်မှန်တဲ့ ဗုဒ္ဓတရားတော်တွေကို မှန်-တို-ရှင်း နည်းနဲ့ထိတွေ့ခွင့်ရမှာ ဖြစ်ပါတယ်။
👉🏻 👍🏻👍🏻 လောကုတ္တရာမှာသာမက လောကီနယ်ဖြစ်တဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အောင်မြင်တဲ့ Sociable Person ဖြစ်ဖို့ နေရာတိုင်း အချိန်တိုင်း မှာ လူတိုင်း လိုက်နာကျင့်ကြံသင့်တဲ့ မြတ်ဗုဒ္ဓ၏ ဆုံးမလမ်းညွှန်မှုများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်မှာ ဖြစ်ပါတယ်။
👉🏻 ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်း အခြေခံမှစ၍
လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။
👉🏻 ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် သက်ဆိုင်သည့် မိမိသိလိုသည်များကို အထွေထွေဗဟုသုတပိုင်းအရ သာမက တရားရှုမှတ်ခြင်းဆိုင်ရာ သိလိုသည်များကိုလည်း လွတ်လပ်စွာ မေးမြန်းနိုင်သည့်
အခွင့်ရေးကိုလည်းရရှိမှာ ဖြစ်ပါတယ်။ 💡💡💡
👉🏻 လူငယ်များ အချင်းချင်း အသိပညာဗဟုသုတတွေ နှီးနှောဖလှယ်ရင်း မတူညီတဲ့ ရှုထောင့်တွေ၊ အမြင်တွေ၊ သုံးသပ်ချက်တွေနှင့် ထေရဝါဒဗုဒ္ဓသာသနာဆိုင်ရာ ဗဟုသုတများ ပြည့်နှက်နေတဲ့ တန်ဖိုးရှိတဲ့ Network တစ်ခုကိုလည်း ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။
👉🏻 Social Dealing မှာ အလွန့်အလွန် အသုံးဝင်ပြီး အလွန်လိုအပ်လှတဲ့ public speaking skill ကိုပါ လေ့ကျင့် မြင့်တင်ခွင့် ရမှာဖြစ်ပါတယ်။
👉🏻 အရေးအကြီးဆုံးကတော့ ထေရဝါဒဗုဒ္ဓသာသနာတော်ရဲ့အနှစ်သာရဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရားများကိုလည်း နည်းစနစ်ကျနစွာ အခြေခံမှစ၍ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး လက်တွေ့ရှုမှတ်ပွားများ နိုင်မှာဖြစ်ပါတယ်။
💁🏻‍♂️💁🏻‍♀️ ကျွန်တော်တို့ {Y.A.B} လူငယ်များအဖွဲ့မှ သူငယ်ချင်းတို့ လူငယ်များအားလုံးကို ဤလက်မလွတ်သင့်တဲ့အခွင့်ထူးအား အကျိုးရှိစွာ အသုံးချနိုင်ပါစေဟု ဆန္ဒပြုရင်း လေးစားစွာဖိတ်ခေါ်ပါတယ်နော် 😇
✅ တရားစခန်း ဝင်မည့် ယောဂီများ အနေနဲ့ Commentတွင်ရှိသော စခန်းဝင်ယောဂီများ ဖြည့်ရမည့် Form ပုံစံအား ဖြည့်ပြီး Message Boxကနေ စာရင်းပေးသွင်းနိုင်ပါတယ်ဗျာ . . . 📝
📥 Form နောက်ဆုံးလက်ခံမည့်နေ့ရက် – ၂၅.၃.၂၀၁၈
Supported By
Youth Advocates For Theravada Buddhism {YAB}
( ထေရဝါဒဗုဒ္ဓသာသနာ့ဝန်ဆောင်လူငယ်များအဖွဲ့)
[Zawgyi]
😊 Would you like to spend your holidays Effectively and Efficiently ? ✌🏻💎
🙏🏻အားလုံး မင်္ဂလာပါ🙏🏻
ယခု တရားစခန်းမှာတော့
Supported By
Leave a Reply