“သာသနာတော်အတွက် အနစ်နာခံခြင်း” (အကြံအဖန်မဟုတ် အမှန်အကန်)
၁။ ခေါင်းငုံ့ခံခြင်း
မနိုင်လို့ခေါင်းငုံ့ခံခြင်း သည် သည်းခံခြင်းမဟုတ်
(ဥပမာ – အာဏာရှင်လက်အောက်တုန်းက ဘာမှလုပ်ခွင့်၊ ပြောခွင့်မရှိလို့ ငြိမ်၍ခံခြင်း)
၂။ သည်းခံခြင်း
မနိုင်လို့လျော့ပေးတာမျိုးမဟုတ်ပဲ တုံ့ပြန်လို့ရနိုင်ပေမယ့် အကျိုးတစ်ခုကိုလိုလားပြီး အလျော့ပေးတာသည်လည်း သည်းခံတဲ့အဆင့်သာရှိသေးသည်။
(အောင်းလုံးကြီးတော့ကျန်သည်)
အဲဒါသည်လည်းအနစ်နာခံတာမဟုတ်သေးပါ။
၃။ အနစ်နာခံခြင်းအစစ်ဆိုတာ
သည်းခံပြီးနောက် ခွင့်လွတ်ပြီး မိမိ၏ကိုယ်ကျိုး အတ္တအတွက် လုံးဝစွန့်လွတ်ကာ အခါအားလျော်စွာ မိမိလုပ်ချင်တာထက် လုပ်သင့်တာကိုသာ ဦးစားပေးပြီး အသိုင်းအဝိုင်း၏ လမ်းညွှန်မှု
(ဥပမာ ဘာသာရေး- သမ္မာဒိဋ္ဌိလမ်းညွှန်မှု/ နိုင်ငံရေး- ဝါဒ (ဒီမိုကရေစီဝါဒ / ကွန်မြူနစ်ဝါဒ စသည်ဖြင့်)လမ်းညွှန်မှု၊
စီးပွားရေး- စီးပွားရေး ဥပဒေသတို့၏လမ်းညွန်မှု စသဖြင့် လမ်းညွှန်မှု} အတိအကျကို လောကီထဲမှာပင်လျှင် အသက်ပေးပြီးဆောင်ရွက်နေကြတာ တွေ့ရပြီး လောကုတ္တရာတွက်တော့ လောကီထက်သာလွန်းမှသာလျှင် သာသနာပြုသူဖြစ်လိမ့်မည်။
အနစ်နာတကယ်ခံသူုဖြစ်လိမ့်မည်။
အထူးသတိပြုရန်။
လောကီနိုင်ငံရေးလုပ်သူတွေကတောင် အသက်အသေခံပြီး အမှန်အကန်အနစ်နာခံ နေတာတွေကို အားလုံး သိရှိကြပြီးဖြစ်ပါလိမ့်မယ်။