ဆရာတော် ဥူးစန္ဒာသိရီ ထံမှ သြဝါဒ ခံယူ

သန့်တည်ပွား သာသနာပြုအဖွဲ့သည် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ သာသနာ့ဝန်ဆောင်ပရိတ္တိစာသင်တိုက်သို့ သွားရောက်ကာ နာယကဆရာတော် ဥူးစန္ဒာသိရီ ထံမှ သြဝါဒ ခံယူကာ လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ သာသနာတော်အတွက် ရည်စူးပြုခဲ့သော ကုသိုလ် အဝဝတွေကို ၃၁ဘုံသား အားလုံးတို့အား ထပ်တူထပ်မျှရကြစေရန် ကိုယ်ရောစိတ်ပါ ဝမ်းမြောက်စွာဖြင့် အမျှပေးဝေလိုက်ပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော။ သာဓု သာဓု သာဓု။ ၂၇ စက်တင်ဘာလ ၂၀၁၆ 27 /9/16 8:30 am Photo credit: U Ngwe Soe

Continue reading


ဓမ္မ မိတ်ဆွေများစုပေါင်း၍ မော်တော်ယာဉ် လှူဒါန်း

ဓမ္မ မိတ်ဆွေများအားလုံး ၃၈ ဖြာသော မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ ဓမ္မ မိတ်ဆွေများစုပေါင်း၍ သန့်တည် ပွားမှ သာသနာပြုနေကြသော ဆရာ ဆရာမ များ သာသနာပြု ခရီးအတွက် အသုံးပြုရန်အတွက် မော်တော်ယာဉ် လှူဒါန်း ပေးအပ်ခဲ့ပါသည်။ Photo Credit: U Ngwe Soe

Continue reading


စစ်ကိုင်းတိုင်း ရွှေမင်းဝံတောင်ခြေရှိ သန့်တည်ပွား အဖွဲ့၏ သာသနာပြုမှတ်တမ်းပုံရိပ်များ။

စစ်ကိုင်းတိုင်း ရွှေမင်းဝံတောင်ခြေရှိ သန့်တည်ပွား အဖွဲ့၏ ပရမတ္ထဓမ္မာရုံတွင် ပညာရေးတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများအား၎င်း၊ ရွာထောင်ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား၎င်း ဗုဒ္ဓဘာသာအခြေခံသဘောတရားများ၊ ပိဋကတ်တော်လာ သုတ္တန်များ နှင့် ဝိပဿနာတရားများ ဟောကြားပို့ချကာ သာသနာပြုလျက်ရှိသော ဆရာမဒေါ်အနတ္တ ၏ သာသနာပြုမှတ်တမ်းပုံရိပ်များ။

Continue reading


ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ (၂၀၁၆)

သန့်တည်ပွား မိသားစုများမှ စုပေါင်းကျင်းပသော မြတ်ဗုဒ္ဓအလိုတော်ကျ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား မှတ်တမ်းဓါတ်ပုံများကို မျှဝေလိုက်ပါသည်။

Continue reading