ဥပုသ်အကြောင်း သိကောင်းစရာ

ယောဂီ မိဘဆွေမျိုးများ အားလုံး မင်္ဂလာပါ။ ဝါတွင်းကာလ ရောက်လှနီးပြီ ဖြစ်ပါ၍ ယောဂီတို့ကို ဥပုသ်စောင့်ထိန်းသူများ ဆင်ခြင်ဖွယ်၊ သိမှတ်ဖွယ် ဖြစ်သော အင်္ဂုတ္တိုရ်နိကာယ် ဥပေါသထသုတ်လာ အကျိုးကြီးအောင် ဥပုသ်စောင့်နည်း အကြောင်းကို ဓမ္မဒါန ပြုပေးလိုပါတယ်။ ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှ လာပါတယ်။ (ဥပ + ၀သထ)၊ ဥပ-ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

Continue reading


သတိထားဖွယ် ရှောင်ကြဉ်ရမည့် အလှူများ

ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။ ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ

Continue reading