(၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း (၄)

(၂၈.၁၂.၂၀၁၈) ရက်နေ့တွင် ရဟန်းသံဃာတို့ကို ဆည်းကပ် ကိုးကွယ်ရာတွင် ဆည်းကပ်သူတို့၏ မသိမှု၊ နားမလည်မှုတို့ကြောင့် ရဟန်းတို့ အပြစ်မဖြစ်စေရန်အတွက် ရဟန်းတို့၏ ဝိနည်းတော်များကို လူငယ်များ နားလည်မှတ်သားရ လွယ်စေရန် ဆရာ၊ ဆရာမ များမှ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ၃၈ ဖြာသော မင်္ဂလာတရားတော်ကို နားလည်သဘောပေါက်စေရန်၊ လက်တွေ့ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ YAB အဖွဲ့ဝင် လူငယ်များမှ ဥပမာ၊ ဥပမေယျ များဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ထို့နောက် ထက်ထက်မြက်မြက် သာသနာ ပြုကြရအောင်ဟူသော ခေါင်းစဉ်ဖြင့် YAB လူငယ်များမှ ထပ်မံ ကျေးဇူးဆပ် ဆွေးနွေးပေးခဲ့ပါသည်။ ဆရာ၊ ဆရာမ များမှလည်း လူငယ်တို့ သိအပ်သော ဗုဒ္ဓတရားတော်များကို ဆွေးနွေး ကျေးဇူးဆပ်ခဲ့ကြပါသည်။ စတုတ္ထနေ့ မှတ်တမ်းပုံရိပ်များ . […]

Continue reading


(၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း (၃)

(၂၈.၁၂.၂၀၁၈) ရက်နေ့တွင် ဗုဒ္ဓသာသနာ အနှစ်ချုပ် ၊ ကျင့်ဝတ် စသည့် လူငယ်တို့ သိသင့်သိထိုက်သော တရားခေါင်းစဉ်များကို ဆရာ၊ ဆရာမှ များက လွယ်ကူရှင်းလင်းစေရန် အတိုကောက် မှန်သားနည်းများ ဖြင့် ဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စေရန် ဆရာဝန်မကြီး တစ်ဦးမှ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များကို ဆွေးနွေး လမ်းညွှန်မှုများ ပြုခဲ့ပါသည်။ ယခုကဲ့သို့ မိမိ၏ အားလပ်ချိန် များကို ဓမ္မတရားရိပ်အောက်တွင် ပူးပေါင်းပါဝင် ဖြတ်သန်း ခဲ့ပါသော လူငယ်မောင်မယ် ယောဂီများကို သာသနာတော်အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်၊ ကျေးဇူးတင်ပါတယ်။ တတိယနေ့ မှတ်တမ်းပုံရိပ်များ . . . Ref: https://www.facebook.com/3p.yab

Continue reading