ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကိုလေ့လာခြင်း

အသုဘ

ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါ၀င်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘဝတွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘဝ၊မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

Continue reading


ဥပုသ်အကြောင်း သိကောင်းစရာ

ယောဂီ မိဘဆွေမျိုးများ အားလုံး မင်္ဂလာပါ။ ဝါတွင်းကာလ ရောက်လှနီးပြီ ဖြစ်ပါ၍ ယောဂီတို့ကို ဥပုသ်စောင့်ထိန်းသူများ ဆင်ခြင်ဖွယ်၊ သိမှတ်ဖွယ် ဖြစ်သော အင်္ဂုတ္တိုရ်နိကာယ် ဥပေါသထသုတ်လာ အကျိုးကြီးအောင် ဥပုသ်စောင့်နည်း အကြောင်းကို ဓမ္မဒါန ပြုပေးလိုပါတယ်။ ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှ လာပါတယ်။ (ဥပ + ၀သထ)၊ ဥပ-ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

Continue reading


ပိဋကတ်သုံးပုံ မြန်မာပြန် စာအုပ်များ လှူတန်း နိုင်ပါသည်

သန့် တည် ပွား အဖွဲ့ ၏ လုပ်ငန်းစဉ်များ ထဲမှ တစ်ခုဖြစ်သော “ဗုဒ္ဓစာပေများကို ထပ်ဆင့်ရိုက်နှိပ်ဖြန် ့ဝေပေးခြင်း” ကို မြန်မာနိုင်ငံ အနှံ့ လုပ်ဆောင်လျှက်ရှိရာ ပိဋကတ်သုံးပုံ မြန်မာပြန် စာအုပ်များ ဆက်ကပ်လှူတန်းခြင်း သည် အဓိက လုပ်ဆောင်ချက် တစ်ခုဖြစ်လေသည်။ ဓမ္မ ချစ်ခင် သူတော်စဉ် အပါင်းတို့ လှူတန်း နိုင်ရန် သန့်တည်ပွား အဖွဲ့ လုပ်ဆောင်ပေးလျှက်ရှိပါတယ်။

Continue reading