ဆရာဆိုတာ ဦးဆောင်မှု တပည့်ဆိုတာ အင်အား ဆရာကောင်းဆရာမြတ်တို့ရဲ့စိတ်ထား၊ တပည့်စွဲ ဆရာစွဲကင်းတတ်ဖို့၊ ဆုံးမထားပါတယ်။
ဆရာဆိုတာ ဦးဆောင်မှု တပည့်ဆိုတာ အင်အား ဆရာကောင်းဆရာမြတ်တို့ရဲ့စိတ်ထား၊ တပည့်စွဲ ဆရာစွဲကင်းတတ်ဖို့၊ ဆုံးမထားပါတယ်။
၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်နေ့ တွင် လှည်းကူး ငါးဆူတောင်ရှိ သန့်တည်ပွား မြင့်မြတ်အလင်း ရိပ်သာ ၌ ထာဝရယောဂီ များ အား ဆုံးမဟောကြားထားသော ဆရာ ဦးမြင့်လွင် (သန့်-တည်-ပွား) ၏ ၂၀၁၅ ဓမ္မ လက်ဆောင်။ MP3 ဖိုင်ကို Listen Online | Download လုပ်လို့ရပါသည်။
ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင်