ဝါခေါင်လပြည့်နေ့ (မေတ္တာ အခါတော်နေ့) အကြောင်းသိကောင်းစရာ

သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ရဟန်းအပါး ၅၀၀ တို့သည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နည်း နာယူကာ တောအုပ်တစ်ခုတွင် ဝါဆိုလျက် ကမ္မဋ္ဌာန်း တရား ပွားများအားထုတ် ကြလေသည်။

Continue reading


ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကိုလေ့လာခြင်း

အသုဘ

ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါ၀င်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘဝတွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘဝ၊မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

Continue reading


ဥပုသ်အကြောင်း သိကောင်းစရာ

ယောဂီ မိဘဆွေမျိုးများ အားလုံး မင်္ဂလာပါ။ ဝါတွင်းကာလ ရောက်လှနီးပြီ ဖြစ်ပါ၍ ယောဂီတို့ကို ဥပုသ်စောင့်ထိန်းသူများ ဆင်ခြင်ဖွယ်၊ သိမှတ်ဖွယ် ဖြစ်သော အင်္ဂုတ္တိုရ်နိကာယ် ဥပေါသထသုတ်လာ အကျိုးကြီးအောင် ဥပုသ်စောင့်နည်း အကြောင်းကို ဓမ္မဒါန ပြုပေးလိုပါတယ်။ ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှ လာပါတယ်။ (ဥပ + ၀သထ)၊ ဥပ-ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

Continue reading


နယုန်လပြည့်နေ့ – မဟာသမယနေ့ အကြောင်းသိကောင်းစရာ

နယုန်လပြည့်နေ့ – မဟာသမယနေ့  နယုန်လပြည့်နေ့ကို  ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက မဟာသမယ အခါတော်နေ့ အဖြစ် အလေးအမြတ်ထားခဲ့ကြပါတယ်။ နယုန်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ဟာ များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို မဟာသမယ သုတ် တရားတော် ကိုဟောကြားတော်မူခဲ့တဲ့နေ့ လဲဖြစ်ပါတယ်။ မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း၊ သမယ ဆိုတာ အချိန်-အခါ-ကာလ ဖြစ်ပါတယ်။

Continue reading