
ဘဝသံသရာအဆက်ဆက်မှစ၍ ယခုအချိန်ထိ တော်စပ်ခဲ့ကြကုန်သော ကျေးဇူးရှင် မိဘဆရာသမားများ ဆွေတော်မျိုးတော်များနှင့် ယောဂီသူတော်စင်အပေါင်းတို့အား ဆရာဦးမြင့်လွင် (သန့် − တည် − ပွား) ၏ ကျေးဇူးရှင် မိဘ နှစ်ပါးဖြစ်သော (ဦးဆာလင် + ဒေါ်ခင်နွဲ့) အား ဦးထိပ်ထားပြီး ကျန်ရစ်ခဲ့သော ညီအစ်ကို မောင်နှမများနှင့် မြေး မြစ် မိသားစုတို့ စုပေါင်းတည်ထောင်ထားသော SIR Foundation (Super Invaluable Reward) မှ “တစ်ခဏဖြစ်ရလူ့ဘဝ အနှစ်ဖြစ်အောင်ကြိုးစားနိုင်ရေး” “အပါယ်တံခါးပိတ်နိုင်ရေး” “အဆက်မပြတ် ဝိပဿနာတရားကို နေစဉ် ရှုမှတ်နိုင်ရေး” စသော ရည်ရွယ်ချက်များဖြင့် ဓမ္မဒါန DVD အခွေနှင့် စာအုပ်များကို မေတ္တာရှေ့ထား အထူးပြု လှူဒါန်းလိုပါသည်။ ဆရာဦးမြင့်လွင်သည် ပြင်ဦးလွင် (SNPP) ရိပ်သာတွင် […]