ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး (သန့်-တည်-ပွား) အဖွဲ့မှ (၁၂၀) ကြိမ်မြောက် အဓိဌာန်တရားစခန်းပွဲကို လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ (၅)ရပ်ကွက်၊ မြင့်မြတ်အလင်း ရိပ်သာတွင် (၁၁-၄-၂၀၁၅) မှ (၁၉-၄-၂၀၁၅) ရက်နေ့အထိ အဓိဌာန်တရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်ရောက်လိုပါက ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။ 09 73241841 09 79555 1743 09 8626859 ရန်ကုန်မှ ရိပ်သာသို့ အကြို အပို့စီစဉ်ထားပါသည်
နှိုးဆော်
ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့) အကြောင်း မှတ်သားဖွယ်ရာ
ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင်