(၂၈.၁၂.၂၀၁၈) ရက်နေ့တွင် ရဟန်းသံဃာတို့ကို ဆည်းကပ် ကိုးကွယ်ရာတွင် ဆည်းကပ်သူတို့၏ မသိမှု၊ နားမလည်မှုတို့ကြောင့် ရဟန်းတို့ အပြစ်မဖြစ်စေရန်အတွက် ရဟန်းတို့၏ ဝိနည်းတော်များကို လူငယ်များ နားလည်မှတ်သားရ လွယ်စေရန် ဆရာ၊ ဆရာမ များမှ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ၃၈ ဖြာသော မင်္ဂလာတရားတော်ကို နားလည်သဘောပေါက်စေရန်၊ လက်တွေ့ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ YAB အဖွဲ့ဝင် လူငယ်များမှ ဥပမာ၊ ဥပမေယျ များဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ထို့နောက် ထက်ထက်မြက်မြက် သာသနာ ပြုကြရအောင်ဟူသော ခေါင်းစဉ်ဖြင့် YAB လူငယ်များမှ ထပ်မံ ကျေးဇူးဆပ် ဆွေးနွေးပေးခဲ့ပါသည်။ ဆရာ၊ ဆရာမ များမှလည်း လူငယ်တို့ သိအပ်သော ဗုဒ္ဓတရားတော်များကို ဆွေးနွေး ကျေးဇူးဆပ်ခဲ့ကြပါသည်။ စတုတ္ထနေ့ မှတ်တမ်းပုံရိပ်များ . […]
အဓိဋ္ဌာန်တရားစခန်း
(၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း (၃)
(၂၈.၁၂.၂၀၁၈) ရက်နေ့တွင် ဗုဒ္ဓသာသနာ အနှစ်ချုပ် ၊ ကျင့်ဝတ် စသည့် လူငယ်တို့ သိသင့်သိထိုက်သော တရားခေါင်းစဉ်များကို ဆရာ၊ ဆရာမှ များက လွယ်ကူရှင်းလင်းစေရန် အတိုကောက် မှန်သားနည်းများ ဖြင့် ဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စေရန် ဆရာဝန်မကြီး တစ်ဦးမှ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များကို ဆွေးနွေး လမ်းညွှန်မှုများ ပြုခဲ့ပါသည်။ ယခုကဲ့သို့ မိမိ၏ အားလပ်ချိန် များကို ဓမ္မတရားရိပ်အောက်တွင် ပူးပေါင်းပါဝင် ဖြတ်သန်း ခဲ့ပါသော လူငယ်မောင်မယ် ယောဂီများကို သာသနာတော်အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်၊ ကျေးဇူးတင်ပါတယ်။ တတိယနေ့ မှတ်တမ်းပုံရိပ်များ . . . Ref: https://www.facebook.com/3p.yab
(၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း (၂)
၂၇.၁၂.၂၀၁၈ ရက်နေ့တွင် ( ကံ ၊ သတိ) ကဲ့သိုသော တရားများနှင့် လူငယ်ယောဂီများ သိသင့်သိထိုက်သော တရားများကို ဆရာ၊ ဆရာမများမှ မှတ်ရလွယ်အောင် အတိုကောက်လေးများဖြင့်ဆွေးနွေးပြီး ဝိပဿနာတရား ကိုလည်း ယောဂီများအား လွယ်လွယ်ကူကူ အားထုတ်နိုင်ရန် စနစ်တကျ သင်ကြားပို့ချခဲ့သည်။ သားငယ်၊ သမီးယောဂီများ ကလည်း စနစ်ကျကျ တရားရှုမှတ်ခဲ့ကြပါသည်။ ဒုတိယနေ့ မှတ်တမ်းပုံရိပ်များ . . . Ref: https://www.facebook.com/3p.yab
(၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း (၁)
၂၆. ၁၂. ၂၀၁၈၊ (သန့်-တည်-ပွား) ပရမတ္ထဓမ္မာရုံ၊ မြင့်မြတ်အလင်းရိပ်သာတွင် (၁၂၇) ကြိမ်မြောက် ဒီဇင်ဘာ လူငယ်ယဉ်ကျေးလိမ္မာအဓိဋ္ဌာန်တရားစခန်း ဖွင့်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး တရားစခန်းဝင်ကြသော သားငယ်၊ သမီးငယ်များအား ဘုရားရှိခိုးနည်း၊ တရားထိုင်ပုံထိုင်နည်းနှင့် တရားရှုမှတ်နည်းများကို စနစ်တကျ သင်ကြားပေးခဲ့ပါသည်။ ပထမနေ့ မှတ်တမ်း ပုံရိပ်များ . . . Ref: https://www.facebook.com/3p.yab