ဗုဒ္ဓသာသနာ ပြုကြရအောင်

တိုတိုနဲ ့လိုရင်းကို သာပြောရရင် အရင်ဆုံး ကမ္ဘာပေါ်မှာ တစ်ချို ့ဘာသာတွေ ဘယ်လို သာသနာပြ ုနေကြသလဲဆိုတာ ကိုလေ့လာကြည့်ရအောင်။ တရားနာဖူး ကြားဖူးတာလေးတစ်ခုကို ပြန်ပြောရမယ်ဆိုရင် M ၆လုံးနဲ ့သာသနာပြ ုကြပါတယ်တဲ့။

  1. Missionary
  2. Merchant
  3. Military
  4. Movies
  5. Music
  6. Money

နဲနဲရှင်းပြရရင် အရင်ဆုံးရှေ ့ပြေးအနေနဲ ့သာသနာပြ ုအဖွဲ ့တွေကို စေလွတ်တယ် ။ Missionary ပေါ့။နောက်တော့ကုန်သည်တွေရောက်လာပြီးရောင်းဝယ်ဖေါက်ကားကြတယ်။ Merchant ။နောက်ဆုံး ပိုင်နက်တွေချဲ ့ထွင် အင်ပါယာတွေထောင် စစ်ပြ ုကြတယ် ။ Military။မြန်မာ့သမိုင်းမှာလည်း ဒီအချက်တွေ တွေ ့နိုင်မှာပါ။ခုဘက်ခေတ်မှာလည်း ရှိနေတုန်းပါပဲ။ ဒါပေမယ့် ပိုပြီး ညင်သာနူးည့ံတာတွေ ပါလာတယ်။Movies ။ ဗီဒီယို ရုပ်ရှင် ဇတ်လမ်းတွေနဲ ့မသိမသာသာသနာပြ ုဖို ့ထိုးဖေါက်လာကြတယ်။Music ။ သီချင်းတွေ ဂီတ တွေ နဲ ့လည်း ထိုးဖေါက် သာသနာပြ ုကြတယ်။နောက်ဆုံး Money ။ ပိုက်ဆံ ။ လူတိုင်းသည်းခြေကြိ ုက်ပါပဲ။ ကျောင်းတွေ ထားပေး ၊ ဆေးတွေကုပေး ၊ လိုတာ ထောက်ပံ့ပေးပြီး စည်းရုံး သိမ်းသွင်းကြတယ်။ သာသနာပြ ုနည်းဗျူဟာတွေပါပဲ။

တစ်ချို ့အားနည်းတဲ့ ဘာသာဝင်တွေ ဘယ်လို သာသနာပြ ုနေကြလဲ ကြည့်ရအောင်။B ၃ လုံးနဲ ့သာသနာ ပြ ုနေကြတာကို တွေ ့ရပါလိမ့်မယ်။

  1. Beggar
  2. Bowl
  3. Building

နဲနဲရှင်းပြရရင် ပေးပါ ပေးပါ ဆိုပြီး လိုက်တောင်းခံနေကြတယ်။ အလှူခံနေကြတယ် ။ အသုံးအနှုံးတော့ နဲနဲကြမ်းသွားမလားပဲ။ သူတောင်းစား ( Beggar ) လို ့ပဲ တင်စားချင်တယ်။နောက် ဖလားကြီး ( Bowl ) နဲ ့အလှူခံကြတယ်။ ဂလောက် ဂလောက် ဂလောက် နဲ ့နေရာ တစ်ခါ မှာ စီစီကို ညံနေတာမျိုးတွေပေါ့။ သာသနာပြ ုနေကြတာလေ။တစ်ချို ့ကြပြန်တော့လည်း အဆောက်အဦးသာသနာ ( Building ) တွေနဲ ့သာသနပြ ုကြတယ်။ ဟို တိုက်ကြီးဆောက်တဲ့နေရာမှာ လှူတယ် ၊ ဒီအုတ်နံရံကြီး ခတ်ပြီး မော်ကွန်းတွေထိုးလို ့လှူကြတယ်။ အများကြီးတွေ ့ကြမှာပါ။ M ၆ လုံး နဲ ့သာသနာ ပြ ုတာနဲ ့B ၃ လုံးနဲ ့သာသနာပြ ုတာ ဘယ်လိုကွာခြားသလဲ ကိုယ့်ဟာကိုယ်သာစီစစ်ကြပါ။
ကဲဒီတော့ တို ့ဗုဒ္ဓသာသနာကို ဘယ်လို ပြ ုကြမလဲ။ P ၃ လုံးနဲ ့ပြ ုလို ့ရပါတယ်။

  1. Purification
  2. Perpetuation
  3. Propagation

Purification ဆိုတာ သန် ့ရှင်းစင်ကြယ်တာကို ဆိုလိုတာပါ။ တနည်း ပြောမယ်ဆိုရင်တော့ သီလ ပေါ့။ သီလ ကို စောင့်ထိန်းခြင်းဖြင့် မိမိတို ့ သန် ့ရှင်းစင်ကြယ်လာတာကို  တွေ ့ရပါမယ်။ Perpetuation ဆိုတာ တည်တံ့တာကို ဆိုလိုတာပါ။ ဘာကိုတည်တံ့ရမလဲဆိုတော့ သမာဓိ ကိုပါပဲ။ သမာဓိ ကို သာ တည်နေအောင် ထားနိုင်ပြီဆိုလျှင် မကောင်းမှုမှန်သမျှလုပ်ဖို ့ရာမဖြစ်နိုင်တော့ပါဘူး။Propagation ဆိုတာ ပြန် ့ပွား တာကိုဆိုလိုတာပါ။ ဘာတွေ ပြန် ့ပွားရမလဲဆိုတော့ ပညာ ကိုပါ။ လောကုတ္တရာ ပညာများ ၊ ပရမတ္ထသဘောတရား စတဲ့ ပညာတွေကို ပြန် ့ပွားအောင် ဖေါ်ဆောင်ရမှာ ဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓသာသနာတော်သည် သန် ့ရှင်းပါမှ တည်တံ့မည်ဖြစ်ပြီး တည်တံ့နေပါမှာ ပြန် ့ပွားအောင် ဆောင်ရွက်ခြင်းဖြင့် သာသနာပြ ုနိုင်ပါလိမ့်မည်။ဒီတော့ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာ ၃ ပါးကို တို ့များ အမြဲဖေါ်ဆောင်နေရပါမယ်။နောက်တစ်နည်းပြောရရင်တော့ ဝိနည်း သုတ္တန် အဘိဓမ္မာ ပါပဲ။ ဝိနည်းသည် သီလ သန် ့ရှင်းစင်ကြယ်ခြင်းဖြင့် သက်ဆိုင်ပြီး သုတ္တန် သည် သမာဓိ တည်တံ့နေခြင်းနှင့်သက်ဆိုင်ပါတယ်။ အဘိဓမ္မာ ဆိုတာကတော့ ပညာ ပိုင်းဖြစ်ပြီး ပြန် ့ပွားအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီတော့ တို ့ဗုဒ္ဓသာသနာဝင်တွေ အရင်ဆုံး မိမိကိုယ်မိမိစီစစ်ကြည့်ပါ။ သန် ့ရှင်းစင်ကြယ်နေပြီလား ၊ တနည်း သီလ တွေ စောင့်ထိန်းကြရဲ ့လား။ အသိတစ်ယောက်ပြောဖူးပါတယ်။ လူမှန်ရင် လူဆိုရင် ငါးပါးသီလ လောက်တော့ အနဲဆုံး စောင့်ထိန်းသင့်တယ် တဲ့။ ငါလူမှဟုတ်ရဲ ့လား ၊ စဉ်းစားကြပါ။နောက်ပြီး ကိုယ့်မှာ သမာဓိ ရော တည်နေပြီလား။ လောကုတ္တရာ ပညာရပ်များ ပရမတ္ထသဘောတရားများကိုရော ပညာ နဲ ့ပိုင်းခြင်းတက်ပြီလား ၊ ရှုမှတ်ပွားများနေပြီလား။ မိမိတို ့တစ်ဦးချင်းဆီပင်လျှင် ဒီ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာ ၃ ပါးငို ဖေါ်ဆောင်နိုင်အောင် ကြိ ုးစားသင့်ပါတယ်။ မိမိတို ့မှာ ဖေါ်ဆောင်ပြီးပြီဆိုလျှင် သို ့မဟုတ် ဖေါ်ဆောင်နေဆဲ ကာလတွေမှာတော့ အများသော သတ္တဝါတွေအား ပြန်လည် မျှဝေတိုက်တွန်းကြခြင်းဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန် ့ရှင်းတည်တံ့ပြန် ့ပွားအောင် သာသနာ ပြ ုပေးကြပါလို ့မေတ္တာရှေ ့ထား တိုက်တွန်းလိုက်ပါတယ်။
PS : အယူအဆ အမှားအယွင်းများပါ၀င်ပါက Post တင်သူ၏အမှား သာလျှင် ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။
ဒေါက်တာအောင်သူငြိမ်း

Leave a Reply