မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တဲ့ ကုသိနာရုံ

ကုသိနာရုံပြည်ပ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုသည့်အကြောင်းကို ဦးပုည၏သာသနာလျှောက်စာတမ်းတွင်

ကောဇာတရာ့လေး ဆဲ့ရှစ်၊ သက္ကရာဇ်ယုဂ၊ ကဆုန်လအချိန်တွင်၊ ကုသိန္နာရုံရဂုံဂနိုင်၊
အင်ကြင်းမြိုင်၌၊ သုံးဆိုင်ဘုမ္မိ၊ ဓိပတိရာဇာ၊ ထွတ်သကျာသည်၊ အနုပါဒိသိသ်၊ တိတ်ဆိတ်ဥပါဒါန်၊ မကျန်ကုန်စင်၊
နိဗ္ဗာန်ဝင်၍၊ သဘင်ပွဲကြီးသိမ်းပါသည် ဟူ၍လည်းကောင်း၊

လယ်တီဆရာတော်ဘုရားရေးသားသော ခုနစ်နေ့ဘုရားရှိခိုးတွင်

ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် ဟူ၍လည်းကောင်း၊ ဖွဲ့နွဲ့ရေးသားခဲ့ကြလေသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံယူတော်မူခဲ့သောနေရာတွင် ယခုအခါ ထူပါရုံစေတီနှင့် လျောင်းတော်မူရုပ်ပွားတော်များကို အထိမ်းအမှတ်အဖြစ် တွေ့မြင်နိုင်သေးသည်။

Ref: ကုသိနာရုံပြည်
Photo Credit

Leave a Reply