ပရမတ္ထဓမ္မာရုံသစ် ပန္နက်ချမင်္ဂလာအခမ်းအနား ဖိတ်ကြားလွာ

မင်္ဂလာပါ ယောဂီတို့ ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအဖွဲ့ (သန့်-တည်-ပွား) ၏ ပရမတ္ထဓမ္မာရုံသစ် ပန္နက်ချမင်္ဂလာအခမ်းအနား ကို မြင့်မြတ်အလင်းရိပ်သာတွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် သန့်တည်ပွားယောဂီ မိသားစုများနှင့် ဓမ္မမိတ်ဆွေမိသားစုများအား ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Continue reading


သန့် တည် ပွား အဖွဲ့၏ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်း

သန့် တည် ပွား အဖွဲ့၏ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်း ယောဂီ မိဘ ဆွေမျိုးများ အားလုံး မင်္ဂလာပါ … ထေရဝါဒဗုဒ္ဓသာသနာတော်၏ အနှစ်သာရကို အခြေခံမှစ၍ လေ့လာလိုသူများ၊ ဝိပဿနာတရားကို မှန်တိုရှင်း စာတွေ့သင်ယူပြီး လက်တွေ့ရှု့မှတ်ပွားများလိုသူများအတွက် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တ့ံ ပြန့်ပွားရေး အဖွဲ့ (သန့် တည် ပွား) မှ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်းကို မြင့်မြတ်အလင်းရိပ်သာတွင် ဖွင့်လှစ်ပါမည်။

Continue reading


ဝါတွင်းကာလမှာ အချိန်ကို အကျိုးရှိရှိ အသုံးချလိုသူများအတွက် အခွင့်ထူး

”ထေရဝါဒဗုဒ္ဓသာသနာတော်၏အနှစ်သာရကိုအခြေခံမှစ၍လေ့လာသူများအတွက်အထူးအခွင့်အရေး” ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး (သန့်-တည်-ပွား) အဖွဲ့မှ (၁၂၂) ကြိမ်မြောက် အဓိဌာန်တရားစခန်းပွဲကို လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ (၅)ရပ်ကွက်၊ မြင့်မြတ်အလင်း ရိပ်သာတွင် (၁၈-၀၇-၂၀၁၆) မှ (၂၉-၀၇-၂၀၁၆) ရက်နေ့အထိ အဓိဌာန်တရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်ရောက်လိုပါက ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။ 09 73241841 09 785141521 ရန်ကုန်မှ ရိပ်သာသို့ အကြို အပို့စီစဉ်ထားပါသည် အင်းစိန်လမ်း ဆင်ရေတွင်း စုရပ်မှ ညနေ ၃:၀၀ ထွက်ပါမည်။

Continue reading


သန့်တည်ပွား သင်္ကြန်တွင်း အဓိဋ္ဌာန် တရား စခန်း

ယောဂီ မိဘ ဆွေမျိုးများ အားလုံး မင်္ဂလာပါ … ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး အဖွဲ့ (သန့် တည် ပွား) မှ အတာ တန်ခူး နှစ်ကူး အခါသမယ တွင် ဗုဒ္ဓသာသနာ၏ အခြေခံ အနှစ်သာရ များကို သေချာစွာ သိရှိ နားလည် သဘောပေါက်စေရန် နှင့် ဝိပဿနာတရားကို လက်တွေ့ရှု့မှတ်ပွားများတတ်စေရန် ရည်သန်၍ သင်္ကြန်တွင်း အဓိဋ္ဌာန် တရားစခန်းကို လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၇ ရက် အထိ ၉ ရက်တိုင်တိုင် ဖွင့်လှစ် ပို့ချမည် ဖြစ်ပါသည်။ ယောဂီများအနေဖြင့် ပရိယတ္တိ အသိတရားများကိုမှန်တိုရှင်း လေ့လာ မှတ်သားနိုင်ရန်၊ မိမိတို့၏ ပဋိပတ် […]

Continue reading