ကျေးဇူး အထူး တင်ရှိပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ၊ ၅ရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး (သန့်-တည်-ပွား) အဖွဲ့ မြင့်မြတ်အလင်းရိပ်သာ ပရမတ္ထ ဓမ္မာရုံ ပန္နက်တင် အခမ်းအနား သို့ကြွရောက်ချီးမြှင့်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘဘသူရဦးအောင်ကို၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း(သာသနာရေးဦးစီးဌာန)၊

အပြည့်အစုံသို့


ပရမတ္ထဓမ္မာရုံသစ် ပန္နက်ချမင်္ဂလာအခမ်းအနား ဖိတ်ကြားလွာ

မင်္ဂလာပါ ယောဂီတို့ ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအဖွဲ့ (သန့်-တည်-ပွား) ၏ ပရမတ္ထဓမ္မာရုံသစ် ပန္နက်ချမင်္ဂလာအခမ်းအနား ကို မြင့်မြတ်အလင်းရိပ်သာတွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပမည် ဖြစ်ပါသောကြောင့် သန့်တည်ပွားယောဂီ မိသားစုများနှင့် ဓမ္မမိတ်ဆွေမိသားစုများအား ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အပြည့်အစုံသို့


သန့် တည် ပွား အဖွဲ့၏ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်း

သန့် တည် ပွား အဖွဲ့၏ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်း ယောဂီ မိဘ ဆွေမျိုးများ အားလုံး မင်္ဂလာပါ … ထေရဝါဒဗုဒ္ဓသာသနာတော်၏ အနှစ်သာရကို အခြေခံမှစ၍ လေ့လာလိုသူများ၊ ဝိပဿနာတရားကို မှန်တိုရှင်း စာတွေ့သင်ယူပြီး လက်တွေ့ရှု့မှတ်ပွားများလိုသူများအတွက် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တ့ံ ပြန့်ပွားရေး အဖွဲ့ (သန့် တည် ပွား) မှ (၁၂၃) ကြိမ်မြောက် ဝါထွက် အဓိဋ္ဌာန်တရားစခန်းကို မြင့်မြတ်အလင်းရိပ်သာတွင် ဖွင့်လှစ်ပါမည်။

အပြည့်အစုံသို့


ဝါတွင်းကာလမှာ အချိန်ကို အကျိုးရှိရှိ အသုံးချလိုသူများအတွက် အခွင့်ထူး

”ထေရဝါဒဗုဒ္ဓသာသနာတော်၏အနှစ်သာရကိုအခြေခံမှစ၍လေ့လာသူများအတွက်အထူးအခွင့်အရေး” ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး (သန့်-တည်-ပွား) အဖွဲ့မှ (၁၂၂) ကြိမ်မြောက် အဓိဌာန်တရားစခန်းပွဲကို လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ (၅)ရပ်ကွက်၊ မြင့်မြတ်အလင်း ရိပ်သာတွင် (၁၈-၀၇-၂၀၁၆) မှ (၂၉-၀၇-၂၀၁၆) ရက်နေ့အထိ အဓိဌာန်တရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်ရောက်လိုပါက ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။ 09 73241841 09 785141521 ရန်ကုန်မှ ရိပ်သာသို့ အကြို အပို့စီစဉ်ထားပါသည် အင်းစိန်လမ်း ဆင်ရေတွင်း စုရပ်မှ ညနေ ၃:၀၀ ထွက်ပါမည်။

အပြည့်အစုံသို့